ဩစတြေးလျတောမီးသည် အမေဇုန် တောမီးထက် ၂ ဆခန့် ပြင်းထန်

ဩစတြေးလျတောမီးသည် အမေဇုန် တောမီးထက် ၂ ဆခန့် ပြင်းထန်

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမှစတင် လောင်ကျွမ်းခဲ့သော တောမီးကြောင့် သစ်တောဧရိယာပေါင်း ဟက်တာ ၆ သန်းကျော် ဆုံးရှုံးသွားပြီ ဖြစ်ပါတယ်။ယင်းပမာဏဟာ ယခင်နွေရာသီက ဘရာဇီးနိုင်ငံ အမေဇုန်တော လောင်ကျွမ်းမှု  ဟက်တာ ၃ သန်းထက် ၂ ဆခန့် ပိုမိုများပြား သလို ဘယ်လ်ဂျီယံနိုင်ငံ၏ အကျယ်အဝန်းထက်လည်း ၂ ဆခန့် ပိုမိုများပြားပါတယ်။

အမေဇုန်တောမီးသည် တောင်အမေရိကတိုက်၏ ဂေဟစနစ်ကို ထိခိုက်စေခဲ့သလို ဩစတြေးလျတော မီးသည်လည်း လူနေပတ်ဝန်းကျင်များကို ထိခိုက်စေခဲ့ပါတယ်။နယူးဆောက်သ်ဝေး ပြည်နယ်တစ်ခုအတွင်း၌ပင် မီးလောင်ကျွမ်းခံရသည့် ပမာဏသည် ဟက်တာ ၄ သန်းခန့် ရှိခဲ့ပါတယ်။ ဩစတြေးလျ၏ ယခုတောမီးသည် ၂၀၁၈ ခုနှစ်က ကယ်လီဖိုးနီးယားတွင် လောင်ကျွမ်းခဲ့သည့် တောမီးထွက် ၆ ဆနီးပါး ရှိခဲ့ကြောင်း Insider မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပါတယ်။

Global Carbon Project မှ အကြီးတန်း သိပ္ပံပညာရှင်နှင့် အမှုဆောင်ဒါရိုက်တာ ဒေါက်တာပက်ကနာဒဲလ်က ဩစတြေးလျတောမီးကဲ့သို့ ပြင်းထန်းမှုမျိုးကို မကြုံတွေ့ဖူးကြောင်း ပြောကြားပါတယ်။“ကျွန်တော်တို့ အရင်က မြင်ခဲ့ဖူးတဲ့ တောမီးက ဟက်တာ သောင်းဂဏန်းလောက်ပဲ ရှိပါတယ်။ အခုဟာက သန်းနဲ့ ချီရှိနေပါပြီ” ၎င်းက ပြောပါတယ်။

ဩစတြေးလျ၏ သစ်တောများသည် မီးလောင်ကျွမ်းမှုမှ ထွက်လာသည့် ကာဗွန်ဓာတ်ငွေ့များကို စုပ်ယူထားသော ကြောင့် မီးလောင်ကျွမ်းမှု သည် ဆက်လက် ကြီးမားလာနိုင်သေးကြောင်း ၎င်းက သုံးသပ်ပါတယ်။

Linko
Ref: Daily Mail
ဆစ်ဒနီ ၊ဇန်နဝါရီ ၃

(  Zawgyi  )

 ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလမွစတင္ ေလာင္ကြၽမ္းခဲ့ေသာ ေတာမီးေၾကာင့္ သစ္ေတာဧရိယာေပါင္း ဟက္တာ ၆ သန္းေက်ာ္ ဆုံးရႈံးသြားၿပီ ျဖစ္ပါတယ္။ယင္းပမာဏဟာ ယခင္ေႏြရာသီက ဘရာဇီးႏိုင္ငံ အေမဇုန္ေတာ ေလာင္ကြၽမ္းမႈ  ဟက္တာ ၃ သန္းထက္ ၂ ဆခန႔္ ပိုမိုမ်ားျပား သလို ဘယ္လ္ဂ်ီယံႏိုင္ငံ၏ အက်ယ္အဝန္းထက္လည္း ၂ ဆခန႔္ ပိုမိုမ်ားျပားပါတယ္။

အေမဇုန္ေတာမီးသည္ ေတာင္အေမရိကတိုက္၏ ေဂဟစနစ္ကို ထိခိုက္ေစခဲ့သလို ဩစေၾတးလ်ေတာ မီးသည္လည္း လူေနပတ္ဝန္းက်င္မ်ားကို ထိခိုက္ေစခဲ့ပါတယ္။နယူးေဆာက္သ္ေဝး ျပည္နယ္တစ္ခုအတြင္း၌ပင္ မီးေလာင္ကြၽမ္းခံရသည့္ ပမာဏသည္ ဟက္တာ ၄ သန္းခန႔္ ရွိခဲ့ပါတယ္။ ဩစေၾတးလ်၏ ယခုေတာမီးသည္ ၂၀၁၈ ခုႏွစ္က ကယ္လီဖိုးနီးယားတြင္ ေလာင္ကြၽမ္းခဲ့သည့္ ေတာမီးထြက္ ၆ ဆနီးပါး ရွိခဲ့ေၾကာင္း Insider မဂၢဇင္းမွာ ေဖာ္ျပခဲ့ပါတယ္။

Global Carbon Project မွ အႀကီးတန္း သိပၸံပညာရွင္ႏွင့္ အမႈေဆာင္ဒါ႐ိုက္တာ ေဒါက္တာပက္ကနာဒဲလ္က ဩစေၾတးလ်ေတာမီးကဲ့သို႔ ျပင္းထန္းမႈမ်ိဳးကို မႀကဳံေတြ႕ဖူးေၾကာင္း ေျပာၾကားပါတယ္။“ကြၽန္ေတာ္တို႔ အရင္က ျမင္ခဲ့ဖူးတဲ့ ေတာမီးက ဟက္တာ ေသာင္းဂဏန္းေလာက္ပဲ ရွိပါတယ္။ အခုဟာက သန္းနဲ႔ ခ်ီရွိေနပါၿပီ” ၎က ေျပာပါတယ္။

ဩစေၾတးလ်၏ သစ္ေတာမ်ားသည္ မီးေလာင္ကြၽမ္းမႈမွ ထြက္လာသည့္ ကာဗြန္ဓာတ္ေငြ႕မ်ားကို စုပ္ယူထားေသာ ေၾကာင့္ မီးေလာင္ကြၽမ္းမႈ သည္ ဆက္လက္ ႀကီးမားလာႏိုင္ေသးေၾကာင္း ၎က သုံးသပ္ပါတယ္။

Linko
Ref: Daily Mail
ဆစ္ဒနီ ၊ဇန္နဝါရီ ၃