ကသည်းလက်နက်ကိုင်များကြောင့် ဒေသတွင်းမတည်ငြိမ်မှုများ ဖြစ်နေဟု ချင်းအရပ်ဖက်အဖွဲ့အစည်းများဆို

ကသည်းလက်နက်ကိုင်များကြောင့် ဒေသတွင်းမတည်ငြိမ်မှုများ ဖြစ်နေဟု ချင်းအရပ်ဖက်အဖွဲ့အစည်းများဆို   

မဏိပူရ် ကသည်းလက်နက်ကိုင်များကြောင့် ချင်းပြည်နယ် တီးတိန်းမြို့နယ် ၊ တွန်းဇံမြို့နယ် နှင့် စစ်ကိုင်းတိုင်း ကဘော်ချိုင့်ဝှမ်းဒေသ တမူးမြို့နယ်တို့တွင် လုံခြုံရေးအရ မတည်မငြိမ်ဖြစ်နေတယ်လို့ ချင်းအရပ်ဖက် လူမှုအဖွဲ့အစည်းတွေက ဆိုပါတယ်။

ကသည်းလက်နက်ကိုင်တစ်ဦးက ချင်းလူမျိုး ကျောင်းဆရာမ တစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ အမှုနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့က ရန်ကုန်မြို့ Orchid House မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

 “ဒီလောက် လက်နက်ကိုင်တွေ နိုင်ငံခြားသားတွေ တိုင်းပြည်ထဲမှာ ထောင်နဲ့ချီပြီး အလုံးအရင်းရှိနေတယ်။ တောထဲမှာ စခန်းချပြီးတော့ အင်အားအခိုင်အမာရှိနေတယ်။မြို့ပေါ်မှာလည်း သွားလာနေကြတယ်။လွတ်လွတ်လပ်လပ်နေကြတယ်။ အဲ့ဒီအပေါ်မှာဒီတိုင်းပြည်မှာ တာဝန်ရှိတဲ့ လုံခြုံရေးအတွက် နိုင်ငံတော်ကာကွယ်ရေးအတွက် တာဝန်ရှိတဲ့ တပ်မတော်၊ ရဲတပ်ဖွဲ့က မသိဘူးလား။ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေ တာလား၊ တမင် မွေးထားတာလားဆိုတဲ့ ထောက်ပြစရာတွေ ရှိနေတယ်” လို့ ဇိုမီးကျောင်းသားနှင့်လူငယ်အဖွဲ့အစည်း တာဝန်ခံ ပေါင်ကိမ်းတွောင် က ဆိုပါတယ်။

 ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ချင်းပြည်နယ် တွန်းဇံမြို့နယ် ၊တွီးဗျာလ်ဇန်ကျေးရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာမတစ်ဦးကို ကသည်းလက်နက်ကိုင်တစ်ဦး သေနတ်ပစ်သတ်ခဲ့ပြီး လက်ရှိအချိန်အထိ တရားခံကို ဖမ်းဆီးနိုင်ခြင်းမရှိသေးပါဘူး။ ဒါအပြင် တမူးမြို့တွင် နေထိုင်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ နေအိမ်အတွင်းကိုလည်း လက်ပစ်ဗုံးဖြင့် ပစ်သွင်းခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါတယ်။ ဒီလိုဖြစ်စဉ်တွေဟာ ကသည်းလက်နက်ကိုင်တွေနဲ့ ပတ်သက်နေတာကြောင့် ဒေသခံတွေဟာ စိုးရိမ်နေတယ်လို့ ချင်းအဖွဲ့အစည်းတွေက ဆိုပါတယ်။

 “ကျောင်းဆရာမတစ်ဦး ရက်စက်စွာ သတ်ဖြတ်ခံရတယ်လို့ ကြားရတဲ့အတွက် များစွာ ထိတ်လန့်တုန်လှုပ်မိပါတယ်။ ရာဇဝတ်မှု ကျူးလွန်သူဟာ တစ်ဖက် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ကနေ မြန်မာနိုင်ငံမှာ တရားမဝင်ခိုအောင်းနေတဲ့ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင်ဖြစ်ကြောင်း သိရှိရတဲ့အခါ ပိုပြီး အံ့သြထိတ်လန့်ရပါတယ်” လို့ နေအိမ်တွင်း လက်ပစ်ဗုံး ပစ်သွင်းခံရသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်က ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို စာပေးပို့ခဲ့ပါတယ်။

လက်ရှိ ဇိုမီးဒေသအတွင်းမှာ တရားမဝင်ဘိန်းစိုက်ပျိုးမှုတွေလည်းများပြားလာနေပြီး လက်နက်ကိုင်အဖွဲ့ဝင်တွေကိုလည်း တိုးလာနေတာကြောင့် ဒေသခံတွေအကြားမှာမလုံခြုံမှုတွေ ရှိနေတယ်လို့ ချင်းအဖွဲ့အစည်းတွေက ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့ကလည်း တီးတိန်မြို့မှာ ဒေသခံ တစ်ထောင်ကျော် ဆန္ဒဖော်ထုတ် ခဲ့ပါတယ်။

ဇေယျာမော်  
ရန်ကုန် ၊ ဒီဇင်ဘာ ၁၂

(  Zawgyi   )

 မဏိပူရ္ ကသည္းလက္နက္ကိုင္မ်ားေၾကာင့္ ခ်င္းျပည္နယ္ တီးတိန္းၿမိဳ႕နယ္ ၊ တြန္းဇံၿမိဳ႕နယ္ ႏွင့္ စစ္ကိုင္းတိုင္း ကေဘာ္ခ်ိဳင့္ဝွမ္းေဒသ တမူးၿမိဳ႕နယ္တို႔တြင္ လုံၿခဳံေရးအရ မတည္မၿငိမ္ျဖစ္ေနတယ္လို႔ ခ်င္းအရပ္ဖက္ လူမႈအဖြဲ႕အစည္းေတြက ဆိုပါတယ္။

ကသည္းလက္နက္ကိုင္တစ္ဦးက ခ်င္းလူမ်ိဳး ေက်ာင္းဆရာမ တစ္ဦးကို ေသနတ္နဲ႔ ပစ္သတ္ခဲ့တဲ့ အမႈနဲ႔ ပတ္သက္ၿပီး ဒီဇင္ဘာ ၁၂ ရက္ေန႔က ရန္ကုန္ၿမိဳ႕ Orchid House မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့တာပါ။

 “ဒီေလာက္ လက္နက္ကိုင္ေတြ ႏိုင္ငံျခားသားေတြ တိုင္းျပည္ထဲမွာ ေထာင္နဲ႔ခ်ီၿပီး အလုံးအရင္းရွိေနတယ္။ ေတာထဲမွာ စခန္းခ်ၿပီးေတာ့ အင္အားအခိုင္အမာရွိေနတယ္။ၿမိဳ႕ေပၚမွာလည္း သြားလာေနၾကတယ္။လြတ္လြတ္လပ္လပ္ေနၾကတယ္။ အဲ့ဒီအေပၚမွာဒီတိုင္းျပည္မွာ တာဝန္ရွိတဲ့ လုံၿခဳံေရးအတြက္ ႏိုင္ငံေတာ္ကာကြယ္ေရးအတြက္ တာဝန္ရွိတဲ့ တပ္မေတာ္၊ ရဲတပ္ဖြဲ႕က မသိဘူးလား။ဒါမွမဟုတ္ မသိခ်င္ေယာင္ေဆာင္ေန တာလား၊ တမင္ ေမြးထားတာလားဆိုတဲ့ ေထာက္ျပစရာေတြ ရွိေနတယ္” လို႔ ဇိုမီးေက်ာင္းသားႏွင့္လူငယ္အဖြဲ႕အစည္း တာဝန္ခံ ေပါင္ကိမ္းေတြာင္ က ဆိုပါတယ္။

 ၿပီးခဲ့တဲ့ ႏိုဝင္ဘာလအတြင္းက ခ်င္းျပည္နယ္ တြန္းဇံၿမိဳ႕နယ္ ၊တြီးဗ်ာလ္ဇန္ေက်း႐ြာမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ေက်ာင္းဆရာမတစ္ဦးကို ကသည္းလက္နက္ကိုင္တစ္ဦး ေသနတ္ပစ္သတ္ခဲ့ၿပီး လက္ရွိအခ်ိန္အထိ တရားခံကို ဖမ္းဆီးႏိုင္ျခင္းမရွိေသးပါဘူး။ ဒါအျပင္ တမူးၿမိဳ႕တြင္ ေနထိုင္သည့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦး၏ ေနအိမ္အတြင္းကိုလည္း လက္ပစ္ဗုံးျဖင့္ ပစ္သြင္းခဲ့တဲ့ ျဖစ္စဥ္လည္း ျဖစ္ခဲ့ပါတယ္။ ဒီလိုျဖစ္စဥ္ေတြဟာ ကသည္းလက္နက္ကိုင္ေတြနဲ႔ ပတ္သက္ေနတာေၾကာင့္ ေဒသခံေတြဟာ စိုးရိမ္ေနတယ္လို႔ ခ်င္းအဖြဲ႕အစည္းေတြက ဆိုပါတယ္။

 “ေက်ာင္းဆရာမတစ္ဦး ရက္စက္စြာ သတ္ျဖတ္ခံရတယ္လို႔ ၾကားရတဲ့အတြက္ မ်ားစြာ ထိတ္လန႔္တုန္လႈပ္မိပါတယ္။ ရာဇဝတ္မႈ က်ဴးလြန္သူဟာ တစ္ဖက္ အိႏၵိယႏိုင္ငံ မဏိပူရ္ျပည္နယ္ကေန ျမန္မာႏိုင္ငံမွာ တရားမဝင္ခိုေအာင္းေနတဲ့ ကသည္းလက္နက္ကိုင္တပ္ဖြဲ႕ဝင္ျဖစ္ေၾကာင္း သိရွိရတဲ့အခါ ပိုၿပီး အံ့ၾသထိတ္လန႔္ရပါတယ္” လို႔ ေနအိမ္တြင္း လက္ပစ္ဗုံး ပစ္သြင္းခံရသူ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္လတ္က ဒီကေန႔ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲကို စာေပးပို႔ခဲ့ပါတယ္။

လက္ရွိ ဇိုမီးေဒသအတြင္းမွာ တရားမဝင္ဘိန္းစိုက္ပ်ိဳးမႈေတြလည္းမ်ားျပားလာေနၿပီး လက္နက္ကိုင္အဖြဲ႕ဝင္ေတြကိုလည္း တိုးလာေနတာေၾကာင့္ ေဒသခံေတြအၾကားမွာမလုံၿခဳံမႈေတြ ရွိေနတယ္လို႔ ခ်င္းအဖြဲ႕အစည္းေတြက ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁ ရက္ေန႔ကလည္း တီးတိန္ၿမိဳ႕မွာ ေဒသခံ တစ္ေထာင္ေက်ာ္ ဆႏၵေဖာ္ထုတ္ ခဲ့ပါတယ္။

ေဇယ်ာေမာ္  
ရန္ကုန္ ၊ ဒီဇင္ဘာ ၁၂