အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်၏ စစ်တပ်အကြီးအကဲတစ်ဦး သေဆုံး

အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်၏ စစ်တပ်အကြီးအကဲတစ်ဦး သေဆုံး

အမေရိကန်တို့၏ ဇန်နဝါရီ ၂ ရက်က ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်၏ စစ်တပ်အကြီးအကဲ တစ်ဦးဖြစ်သူ ဗိုလ်ချုပ် ကာဆန်ဆူလီမနီ သေဆုံးသွားရာ အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ မြင့်တက်လာပါတယ်။အီရန်ပံ့ပိုးထားသည့် ပြည်သူ့စစ်များက ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးဝင်းအတွင်း ဝင်ရောက်အကြမ်းဖက် ဆန္ဒပြပြီး နောက်တစ်ရက်တွင် ဗိုလ်ချုပ် ဆူလီမနီ သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။ ၎င်းဟာ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သလို ကဒ်အထူး လျှို့ဝှက်တပ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၅ ရက်က အမေရိကန်တို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရတ်နိုင်ငံအတွင်း အီရန်ပံ့ပိုးထားသည့် ကာတစ်ဟစ်ဇဘိုလာ လက်နက်ကိုင်အဖွဲ့ တပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးခဲ့ခြင်းအပေါ် ဆန္ဒပြသူများက သံရုံးကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။အီရတ် စစ်စခန်း တစ်ခုတွင် အမေရိကန်ကန်ထရိုက်တာတစ်ဦး သတ်ဖြတ်ခံရမှုကြောင့် ဒီဇင်ဘာ ၂၅ ရက် တိုက်ခိုက်မှုကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း အမေရိကန်စစ်ဖက်မှ ထုတ်ပြန်ထားပါတယ်။

Linko
Ref: Foreign Policy
ဝါရှင်တန်၊ ဇန်နဝါရီ ၂

(  Zawgyi  )

 အေမရိကန္တို႔၏ ဇန္နဝါရီ ၂ ရက္က ျပဳလုပ္ခဲ့သည့္ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ အီရန္၏ စစ္တပ္အႀကီးအကဲ တစ္ဦးျဖစ္သူ ဗိုလ္ခ်ဳပ္ ကာဆန္ဆူလီမနီ ေသဆုံးသြားရာ အေရွ႕အလယ္ပိုင္းေဒသတြင္ တင္းမာမႈမ်ား ျမင့္တက္လာပါတယ္။အီရန္ပံ့ပိုးထားသည့္ ျပည္သူ႔စစ္မ်ားက ဘဂၢဒက္ရွိ အေမရိကန္သံ႐ုံးဝင္းအတြင္း ဝင္ေရာက္အၾကမ္းဖက္ ဆႏၵျပၿပီး ေနာက္တစ္ရက္တြင္ ဗိုလ္ခ်ဳပ္ ဆူလီမနီ ေသဆုံးခဲ့ျခင္း ျဖစ္ပါတယ္။ ၎ဟာ အီရန္ေတာ္လွန္ေရး အေစာင့္တပ္ဖြဲ႕၏ ေခါင္းေဆာင္တစ္ဦးျဖစ္သလို ကဒ္အထူး လွ်ိဳ႕ဝွက္တပ္ဖြဲ႕၏ ေခါင္းေဆာင္တစ္ဦးလည္း ျဖစ္ပါတယ္။

ဒီဇင္ဘာ ၂၅ ရက္က အေမရိကန္တို႔၏ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ အီရတ္ႏိုင္ငံအတြင္း အီရန္ပံ့ပိုးထားသည့္ ကာတစ္ဟစ္ဇဘိုလာ လက္နက္ကိုင္အဖြဲ႕ တပ္ဖြဲ႕ဝင္ ၂၅ ဦး ေသဆုံးခဲ့ျခင္းအေပၚ ဆႏၵျပသူမ်ားက သံ႐ုံးကို တိုက္ခိုက္ခဲ့ျခင္း ျဖစ္ပါတယ္။အီရတ္ စစ္စခန္း တစ္ခုတြင္ အေမရိကန္ကန္ထ႐ိုက္တာတစ္ဦး သတ္ျဖတ္ခံရမႈေၾကာင့္ ဒီဇင္ဘာ ၂၅ ရက္ တိုက္ခိုက္မႈကို လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း အေမရိကန္စစ္ဖက္မွ ထုတ္ျပန္ထားပါတယ္။

Linko
Ref: Foreign Policy
ဝါရွင္တန္၊ ဇန္နဝါရီ ၂