ဂျပန်အစိုးရဝန်ကြီးဟောင်းက မြန်မာစစ်တပ်အာဏာသိမ်းတာကို ထောက်ခံပြီး ရင်းနှီးမြှုပ်နှံမှုအတွက် တောင်းဆို

 2040

ရောင်နီ (NP News) - ဒီဇင်ဘာ ၁၈
ဂျပန်ထိပ်တန်းကုမ္ပဏီများထံမှ ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှပ်နှံဖို့ စည်းရုံးလှုံ့ဆော်ခဲ့သူ ဂျပန်နိုင်ငံရေးဝန်ကြီးဟောင်းတစ်ဦးက စစ်အာဏာရှင်စနစ်ကို ထောက်ခံကြဖို့ ဂျပန်နိုင်ငံကို တိုက်တွန်းခဲ့ပြီး မြန်မာအာဏာသိမ်းခေါင်းဆောင်ကို ချီးကျူးခဲ့ပါတယ်။

အသက်(၈၇) နှစ် ရှိပြီဖြစ်တဲ့ အစိုးရဝန်ကြီးဟောင်း Hideo Watanabe ဟာ ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ စစ်တပ်လုပ်ငန်းစုနဲ့ချိတ်ဆက်ထားတဲ့ ကုမ္ပဏီတစ်ခုရဲ့ ရှော့ပင်းမောလ်မှာ အမေရိကန်ဒေါ်လာ (၄၂) သန်း ရင်းနှီးမြှုပ်နှံမှု ဆက်လက်လုပ်ဆောင်နေကြောင်း Reuters မှ ဖော်ပြတဲ့အချက်အလက်များအရ သိရပါတယ်။ မြန်မာစစ်အစိုးရနဲ့ ဂျပန်နိုင်ငံရဲ့ ပြန်လည်ထိတွေ့ဆက်ဆံမှုအတွက် Watanabe ရဲ့ ပြတ်ပြတ်သားသား တွန်းအားပေးမှုဟာ အကူအညီအသစ်များကိုဖြတ်တောက်ခဲ့ပြီး အကြမ်းဖက်မှုရပ်တန့်ဖို့ စစ်တပ်ကိုတောင်းဆိုခဲ့တဲ့ တရားဝင်ရပ်တည်ချက်များနဲ့ ဆန့်ကျင်ဘက်ပဲ ဖြစ်နေပါတယ်။

ဂျပန်နိုင်ငံဟာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုအပေါ် တန်ပြန်ဖို့ကြိုးပမ်းမှုများကို ဆန့်ကျင်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီအတွက် ၎င်းရဲ့ထောက်ခံမှုကို ဟန်ချက်ညီစေဖို့အတွက် ကြိုးပမ်းနေတယ်လို့ တာဝန်ရှိသူများနဲ့ လေ့လာသုံးသပ်သူများက ပြောကြားခဲ့ပါတယ်။ Watanabe ထူထောင်ပေးခဲ့တဲ့ အထူးစီးပွားရေးဇုန်အပါအဝင် JMA အဖွဲ့ဝင်များဟာ အခြားနိုင်ငံပေါင်းစုံကဲ့သို့ မြန်မာနိုင်ငံမှာ ၎င်းတို့ရဲ့ရင်းနှီးမြှုပ်နှံမှုများမှ ရုန်းထွက်ဖို့ တက်ကြွလှုပ်ရှားသူများရဲ့ဖိအားပေးမှုကို ခံနေရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာဟာ တရားဥပဒေနဲ့အညီ ဖြစ်နေတယ်လို့ Watanabe က ဇွန်လ (၃ဝ) ရက်က ပြုလုပ်ခဲ့တဲ့ JMA ရဲ့ပုံမှန်အစည်းအဝေးမှာ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ် ပြောခဲ့ပါတယ်။ ယခုနှစ်အတွင်း အနည်းဆုံး ကုမ္ပဏီခြောက်ခု JMA မှနုတ်ထွက်ခဲ့ပြီး အဖွဲ့ဝင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ XYMAX က Watanabe ရဲ့ မှတ်ချက်များကို ပြန်လည်တွန်းလှန်ခဲ့ကြောင်း ပါဝင်ကုမ္ပဏီများထံမှ သိရပါတယ်။ အဆိုပါကုမ္ပဏီ XYMAX ကော်ပိုရေးရှင်းဟာ ယခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုအပေါ် အသင်းအဖွဲရပ်တည်ချက်နဲ့ ပတ်သက်ပြီး JMA အား အကြိမ်ပေါင်းများစွာ စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့တယ်လို့ အိမ်ခြံမြေ စီမံခန့်ခွဲမှုကုမ္ပဏီ XYMAX က ဆိုပါတယ်။

“ကျွန်တော်တို့က အာဏာသိမ်းတာကို လုံးဝမထောက်ခံသလို အာဏာသိမ်းတာကို ထောက်ခံပုံရတဲ့မှတ်ချက်တွေကိုလည်း မထောက်ခံနိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ရပ်တည်ချက်က အပြောင်းအလဲမရှိပါဘူး” လို့ XYMAX မှ နိုင်ငံတကာစီးပွားရေးလုပ်ငန်း အမှုဆောင်အရာရှိ Ryuhei Mori က ဆိုပါတယ်။

အထည်ချုပ်လုပ်ငန်းတစ်ခုဖြစ်တဲ့ Musashi Fusoh က ၎င်းရရှိထားတဲ့အချက်အလက်များမှာ ကုန်ကျစရိတ်ကို တရားမျှတမှုမရှိဘူးလို့ ဆုံးဖြတ်တာကြောင့် ရာထူးကနေ နုတ်ထွက်ခဲ့ပြီး SPARX ပိုင်ဆိုင်မှု စီမံခန့်ခွဲမှုနဲ့ အကြွေးဝယ်ကတ် ကုမ္ပဏီ JCB International ကလည်း ယခုနှစ်အစောပိုင်းမှာ အသင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။ Watanabe ဟာ မြန်မာနိုင်ငံအပေါ် တိုကျိုရဲ့စီးပွားရေးပေါ်လစီကို ဘောင်ခတ်ရာမှာ သြဇာရှိပြီး ဂျပန်ကော်ပိုရေးရှင်းများဟာ စီးပွားရေးလုပ်ကိုင်ခွင့်အတွက် ၎င်းအပေါ် မှီခိုနေရကြောင်း Japan's Yamagata University မှ အရှေ့တောင်အာရှ သမိုင်းပါမောက္ခ Masao Imamura က ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ဂ်ပန္အစိုးရ၀န္ႀကီးေဟာင္းက ျမန္မာစစ္တပ္အာဏာသိမ္းတာကို ေထာက္ခံၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈအတြက္ ေတာင္းဆို
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁၈
ဂ်ပန္ထိပ္တန္းကုမၸဏီမ်ားထံမွ ေဒၚလာဘီလီယံေပါင္းမ်ားစြာ ရင္းႏွီးျမႇပ္ႏွံဖို႔ စည္း႐ုံးလႈံ႕ေဆာ္ခဲ့သူ ဂ်ပန္ႏိုင္ငံေရး၀န္ႀကီးေဟာင္းတစ္ဦးက စစ္အာဏာရွင္စနစ္ကို ေထာက္ခံၾကဖို႔ ဂ်ပန္ႏိုင္ငံကို တိုက္တြန္းခဲ့ၿပီး ျမန္မာအာဏာသိမ္းေခါင္းေဆာင္ကို ခ်ီးက်ဴးခဲ့ပါတယ္။

အသက္(၈၇) ႏွစ္ ရွိၿပီျဖစ္တဲ့ အစိုးရ၀န္ႀကီးေဟာင္း Hideo Watanabe ဟာ ဒဏ္ခတ္ပိတ္ဆို႔ခံထားရတဲ့ စစ္တပ္လုပ္ငန္းစုနဲ႔ခ်ိတ္ဆက္ထားတဲ့ ကုမၸဏီတစ္ခုရဲ႕ ေရွာ့ပင္းေမာလ္မွာ အေမရိကန္ေဒၚလာ (၄၂) သန္း ရင္းႏွီးျမႇဳပ္ႏွံမႈ ဆက္လက္လုပ္ေဆာင္ေနေၾကာင္း Reuters မွ ေဖာ္ျပတဲ့အခ်က္အလက္မ်ားအရ သိရပါတယ္။ ျမန္မာစစ္အစိုးရနဲ႔ ဂ်ပန္ႏိုင္ငံရဲ႕ ျပန္လည္ထိေတြ႕ဆက္ဆံမႈအတြက္ Watanabe ရဲ႕ ျပတ္ျပတ္သားသား တြန္းအားေပးမႈဟာ အကူအညီအသစ္မ်ားကိုျဖတ္ေတာက္ခဲ့ၿပီး အၾကမ္းဖက္မႈရပ္တန႔္ဖို႔ စစ္တပ္ကိုေတာင္းဆိုခဲ့တဲ့ တရားဝင္ရပ္တည္ခ်က္မ်ားနဲ႔ ဆန႔္က်င္ဘက္ပဲ ျဖစ္ေနပါတယ္။

ဂ်ပန္ႏိုင္ငံဟာ တ႐ုတ္ႏိုင္ငံရဲ႕ ၾသဇာလႊမ္းမိုးမႈအေပၚ တန္ျပန္ဖို႔ႀကိဳးပမ္းမႈမ်ားကို ဆန႔္က်င္ၿပီး ျမန္မာႏိုင္ငံ ဒီမိုကေရစီအတြက္ ၎ရဲ႕ေထာက္ခံမႈကို ဟန္ခ်က္ညီေစဖို႔အတြက္ ႀကိဳးပမ္းေနတယ္လို႔ တာဝန္ရွိသူမ်ားနဲ႔ ေလ့လာသုံးသပ္သူမ်ားက ေျပာၾကားခဲ့ပါတယ္။ Watanabe ထူေထာင္ေပးခဲ့တဲ့ အထူးစီးပြားေရးဇုန္အပါအဝင္ JMA အဖြဲ႕ဝင္မ်ားဟာ အျခားႏိုင္ငံေပါင္းစုံကဲ့သို႔ ျမန္မာႏိုင္ငံမွာ ၎တို႔ရဲ႕ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားမွ ႐ုန္းထြက္ဖို႔ တက္ႂကြလႈပ္ရွားသူမ်ားရဲ႕ဖိအားေပးမႈကို ခံေနရပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းတာဟာ တရားဥပေဒနဲ႔အညီ ျဖစ္ေနတယ္လို႔ Watanabe က ဇြန္လ (၃ဝ) ရက္က ျပဳလုပ္ခဲ့တဲ့ JMA ရဲ႕ပုံမွန္အစည္းအေဝးမွာ စစ္အစိုးရေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ေတြ႕ဆုံစဥ္ ေျပာခဲ့ပါတယ္။ ယခုႏွစ္အတြင္း အနည္းဆုံး ကုမၸဏီေျခာက္ခု JMA မွႏုတ္ထြက္ခဲ့ၿပီး အဖြဲ႕ဝင္ကုမၸဏီတစ္ခုျဖစ္တဲ့ XYMAX က Watanabe ရဲ႕ မွတ္ခ်က္မ်ားကို ျပန္လည္တြန္းလွန္ခဲ့ေၾကာင္း ပါ၀င္ကုမၸဏီမ်ားထံမွ သိရပါတယ္။ အဆိုပါကုမၸဏီ XYMAX ေကာ္ပိုေရးရွင္းဟာ ယခုႏွစ္အတြင္း ျမန္မာႏိုင္ငံမွာ အာဏာသိမ္းမႈအေပၚ အသင္းအဖြဲရပ္တည္ခ်က္နဲ႔ ပတ္သက္ၿပီး JMA အား အႀကိမ္ေပါင္းမ်ားစြာ စိုးရိမ္ပူပန္ေၾကာင္း ေျပာၾကားခဲ့တယ္လို႔ အိမ္ၿခံေျမ စီမံခန႔္ခြဲမႈကုမၸဏီ XYMAX က ဆိုပါတယ္။

“ကြၽန္ေတာ္တို႔က အာဏာသိမ္းတာကို လုံးဝမေထာက္ခံသလို အာဏာသိမ္းတာကို ေထာက္ခံပုံရတဲ့မွတ္ခ်က္ေတြကိုလည္း မေထာက္ခံႏိုင္ပါဘူး။ ကြၽန္ေတာ္တို႔ရဲ႕ရပ္တည္ခ်က္က အေျပာင္းအလဲမရွိပါဘူး” လို႔ XYMAX မွ ႏိုင္ငံတကာစီးပြားေရးလုပ္ငန္း အမႈေဆာင္အရာရွိ Ryuhei Mori က ဆိုပါတယ္။

အထည္ခ်ဳပ္လုပ္ငန္းတစ္ခုျဖစ္တဲ့ Musashi Fusoh က ၎ရရွိထားတဲ့အခ်က္အလက္မ်ားမွာ ကုန္က်စရိတ္ကို တရားမွ်တမႈမရွိဘူးလို႔ ဆုံးျဖတ္တာေၾကာင့္ ရာထူးကေန ႏုတ္ထြက္ခဲ့ၿပီး SPARX ပိုင္ဆိုင္မႈ စီမံခန႔္ခြဲမႈနဲ႔ အေႂကြးဝယ္ကတ္ ကုမၸဏီ JCB International ကလည္း ယခုႏွစ္အေစာပိုင္းမွာ အသင္းကေန ထြက္ခြာသြားခဲ့ပါတယ္။ Watanabe ဟာ ျမန္မာႏိုင္ငံအေပၚ တိုက်ိဳရဲ႕စီးပြားေရးေပၚလစီကို ေဘာင္ခတ္ရာမွာ ၾသဇာရွိၿပီး ဂ်ပန္ေကာ္ပိုေရးရွင္းမ်ားဟာ စီးပြားေရးလုပ္ကိုင္ခြင့္အတြက္ ၄င္းအေပၚ မွီခိုေနရေၾကာင္း Japan's Yamagata University မွ အေရွ႕ေတာင္အာရွ သမိုင္းပါေမာကၡ Masao Imamura က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.