ဘူးသီးတောင် NLD ပါတီ ဥက္ကဋ္ဌ ပျောက်ဆုံးနေ

ဘူးသီးတောင် NLD ပါတီ ဥက္ကဋ္ဌ ပျောက်ဆုံးနေ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲ ကျင်းပရန် ကြိုးစားနေစဉ်အတွင်း မှာ ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ပါတီဥက္ကဌ ဦးရဲသိန်း နှင့် အဆက်အသွယ်ပျက်ပြီး ပျောက်ဆုံးနေတယ်လို့ NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။ “အခုလောလောဆယ် ပျောက်ဆုံးနေတယ်လို့ပဲ ပြောပါရစေ။ အဆက်အသွယ်ရရှိဖို့ကြိုးစားနေပါတယ်။ ဘာကြောင့် အဆက်အသွယ် မရှိလဲဆိုတာတော့ ပြောလို့မရသေးပါဘူး။ ပျောက်ဆုံးနေတယ်ပဲ ပြောပါရစေ” လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ဘူးသီးတောင် NLD ပါတီ ဥက္ကဌ ဦးရဲသိန်းဟာ ဒီဇင်ဘာ ၁၁ ရက်နေ့ နေ့လည်ပိုင်းကတည်းက အဆက်အသွယ် မရတော့ဘဲ ပျောက်ဆုံးသွားတာဖြစ်ပါတယ်။ ဦးရဲသိန်းဟာ အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)မှာ  တရားစွဲဆိုခံရမှုအပေါ် သွားရောက်ဖြေရှင်းနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲပြုလုပ်ဖို့ ကြိုးပမ်းနေစဉ် ပျောက်ဆုံးသွားခြင်းဖြစ်ပါတယ်။ အရင်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းလည်း ခရီးသွားနေစဉ် AA အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်သွားတာကို ခံခဲ့ရပါတယ်။ လက်ရှိ ဘူးသီးတောင်မြို့နယ်အတွင်းမှာ တပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

ဇေယျာမော်
ရန်ကုန် ၊ ဒီဇင်ဘာ ၁၂

(  Zawgyi  )

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အား ေထာက္ခံပြဲ က်င္းပရန္ ႀကိဳးစားေနစဥ္အတြင္း မွာ ဘူးသီးေတာင္ၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ပါတီဥကၠဌ ဦးရဲသိန္း ႏွင့္ အဆက္အသြယ္ပ်က္ၿပီး ေပ်ာက္ဆုံးေနတယ္လို႔ NLD ပါတီေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန႔္က ဆိုပါတယ္။ “အခုေလာေလာဆယ္ ေပ်ာက္ဆုံးေနတယ္လို႔ပဲ ေျပာပါရေစ။ အဆက္အသြယ္ရရွိဖို႔ႀကိဳးစားေနပါတယ္။ ဘာေၾကာင့္ အဆက္အသြယ္ မရွိလဲဆိုတာေတာ့ ေျပာလို႔မရေသးပါဘူး။ ေပ်ာက္ဆုံးေနတယ္ပဲ ေျပာပါရေစ” လို႔ ေဒါက္တာမ်ိဳးၫြန႔္က ေျပာပါတယ္။

ဘူးသီးေတာင္ NLD ပါတီ ဥကၠဌ ဦးရဲသိန္းဟာ ဒီဇင္ဘာ ၁၁ ရက္ေန႔ ေန႔လည္ပိုင္းကတည္းက အဆက္အသြယ္ မရေတာ့ဘဲ ေပ်ာက္ဆုံးသြားတာျဖစ္ပါတယ္။ ဦးရဲသိန္းဟာ အျပည္ျပည္ဆိုင္ရာ တရား႐ုံး(ICJ)မွာ  တရားစြဲဆိုခံရမႈအေပၚ သြားေရာက္ေျဖရွင္းေနတဲ့ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ခံပြဲျပဳလုပ္ဖို႔ ႀကိဳးပမ္းေနစဥ္ ေပ်ာက္ဆုံးသြားျခင္းျဖစ္ပါတယ္။ အရင္ကလည္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းလည္း ခရီးသြားေနစဥ္ AA အဖြဲ႕၏ ဖမ္းဆီးေခၚေဆာင္သြားတာကို ခံခဲ့ရပါတယ္။ လက္ရွိ ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္းမွာ တပ္မေတာ္နဲ႔ AA တို႔အၾကား တိုက္ပြဲေတြ ျဖစ္ပြားေနတာပါ။

ေဇယ်ာေမာ္
ရန္ကုန္ ၊ ဒီဇင္ဘာ ၁၂